Alien Invasion S.U.M.1
Movie ID : A015
ဇာတ်လမ်းအကျဉ်း
ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့”Alien Invasion S.U.M 1 ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်…အညွန်းကိုဖတ်ကြည့်ရအောင်.ကမ္ဘာမြေဟာ ဂြိုဟ်သားတွေရဲ့ တိုက်ခိုက်မှုခံနေရတဲ့ ကာလဖြစ်ပါတယ်..လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းလောက် သတ်ခံခဲ့ရပါတယ် …ကမ္ဘာမြေမှ အကြီးအကဲများဟာ ဂြိုဟ်သားတွေလက်ထဲမှ ကမ္ဘာမြေကိုပြန်လည်ရယူဖို့ အစောင့်တပ်သားများကို စေလွှတ်ခဲ့ပါတယ်..ဒီအစောင့်တပ်သားများထဲမှ Sum 1 ဆိုတဲ့ တပ်သားအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်…တပ်သားတွေဟာ ရက် ၁၀၀ မစ်ရှင်းဖြင့် တာဝန်ထမ်းဆောင်ရပါတယ်…ဒုက္ခရောက်ပြည်သူများကို လုံခြုံရာနေရာသို့ ပြောင်းရွှေ့ပေးရပါတယ်..Sum1 ဟာ ကမ္ဘာမြေအောက်ခြေ တာဝါတစ်ခုမှာတစ်ကိုယ်တည်း နေထိုင်ရပါတယ်…သူ့ရဲ့တစ်နေ့တာ တာဝန်ကတော့ တာဝါဝန်းကျင်ကင်မရာများကို စောင့်ကြည့်တာချဉ်းကပ်လာသူ ဂြိုဟ်သားတွေရန်ကို ကာကွယ်တာ စတာတွေဖြစ်ပါတယ်…သူ့ရဲ့တစ်နေ့တာ တာဝန်ကတော့ တာဝါဝန်းကျင်ကင်မရာများကို စောင့်ကြည့်တာချဉ်းကပ်လာသူ ဂြိုဟ်သားတွေရန်ကို ကာကွယ်တာ စတာတွေဖြစ်ပါတယ်…Sum1 မတိုင်ခင်က အရင်ထမ်းဆောင်ခဲ့တဲ့ တပ်သားဟာကျန်းမာရေးအခြေအနေကြောင့် Sum1 ကို အရေးပေါ်အစားထိုးခဲ့ခြင်းဖြစ်ပါတယ်….လူတွေရဲ့ထုံးစံအတိုင်း Sum1 တစ်ယောက် ရက် ၁၀၀ မစ်ရှင်းအစမှာတော့တက်ကြွပြီး တာဝန်သိစိတ်အပြည့်အဝနဲ့ ကြိုးစားခဲ့ပါတယ်…ကြာလာတော့ တစ်ယောက်တည်းနေရတဲ့ဘဝစကားပြောဖော်အပေါင်းအသင်းမရှိတဲ့ဘဝကို သူစိတ်ပျက်လာပါတယ်…တစ်နေ့လာလည်း ဒီအလုပ်လုပ် စက်ရုပ်တစ်ရုပ်လိုဖြစ်နေခဲ့ပါတယ်…Sum1 ဟာ သူ့အရင် တပ်သားကျန်းမာရေး ဘာကြောင့်မကောင်းလဲဆိုတာကို သိချင်စိတ်ပြင်းပြခဲ့ပါတယ်…ဂြိုဟ်သားအရိပ်အယောင်လို့ သူထင်လိုက်တဲ့ အရာတိုင်းက အမှန်မဟုတ်ခဲ့ပါဘူး…သူ့ခေါင်းထဲမှာ ဂြိုဟ်သားက တကယ်ရောရှိရဲ့လား..အကြီးအကဲတွေ တမင်လိမ်ညာနေတာလား စတဲ့ယုံမှားသံသယတွေရှိလာခဲ့ပါတယ်…ရက် ၁၀၀ မစ်ရှင်းပြည့်ခါနီး တစ်ပတ်အလိုမှာတော့ သူဟာ ကိုယ့်အားကိုယ်ကိုးပြီးဒီအလိမ်ညာအရှုပ်ထုပ်ထဲက ထွက်ဖို့ကြိုးပမ်းပါတယ်…ဒါပေမဲ့ သူယုံကြည်ထားတဲ့ ဂြိုဟ်သားတကယ်မရှိဘူးဆိုတဲ့ အတွေးဟာတကယ်ဂြိုဟ်သားနဲ့ တွေ့လိုက်ချိန်မှာတော့ တက်တက်စင်လွဲသွားခဲ့ပါတယ်…တကယ်ရှိတယ်လို့ သူသိလိုက်ချိန်မှာတော့ အရာရာနောက်ကျသွားပါပြီ….ဂြိုဟ်သားက သူ့ကို သေမင်းတံခါးဝဆီတွန်းပို့နေပြီလေ..တံခါးပေါက်ကနေ သူနောက်ပြန်လှည့်နိုင်မလားဆိုတာကိုတောပရိတ်သတ်တွေကပဲဆက်လက်ကြည့်ရှူလိုက်ပါဦး…Thriller အမျိုးအစားဖြစ်တာကြောင့် ဘာများထွက်လာမလဲဒါပြီးရင် ဘာဖြစ်မလဲစသဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…Background music က အတော်ကောင်းတာကြောင့် earphone နဲ့ကြည့်ရင် ရုပ်ရှင်ရုံထဲရောက်နေသလိုပါပဲ…Aircon ရှိမယ် မီးပိတ်မယ် မုန့်တွေဝယ်ပြီး earphone လေးနဲ့ထိုင်နှပ်ရင်တော့ အတိုင်းထက်အလွန်ပေါ့….လျို့ဝှက်ဆန်းကြယ်ကြိုက်သူများအဖို့တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းကောင်တစ်ကားဖြစ်ပါတယ်….


0 comments:
Post a Comment